“တိုင်းရင်းဆေးပညာရှင် ၂,၀၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့”

11 Mar

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးအနေနဲ့ လက်ရှိအချိန်အထိ တိုင်းရင်းဆေးပညာရှင်ပေါင်း ၂,၀၀၈ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိအထိ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ ၁၃၃ ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ရ ၁,၈၇၅ ဦး ရှိခဲ့ပါတယ်။ ဒါ့အပြင် မတ်လ ၇ ရက်က မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာ့တိုင်းရင်းဆေးပညာ (၁၈) ကြိမ်မြောက်ဘွဲနှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့ရာ ပညာရေးအဖွဲ့က ကြေညာခံရသူ မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့ရရှိသူ ၆ ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(ပုံမှန်)ဘွဲ့ရရှိသူ ၅၂ ဦးနှင့် မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပေါင်းကူး)ဘွဲ့ရရှိသူ ၁၂ ဦးတို့ကိုလည်း တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်ဒေါက်တာ သိန်းဇော်လင်း က ဘွဲ့များအပ်နှင်းပြီး ဘွဲ့ရရှိသူစာရင်းကို အတည်ပြုလက်မှတ်ရေးထိုးပေး ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

11 Mar

ADVERTISE HERE .