အမေရိကန်များအတွက် အံ့အားသင့်ဖွယ်များစွာ ပြင်ဆင်ထားတယ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
10 Mar
အီရန်စီးပွားရေးကိုဖျက်ဆီးမည့် အမေရိကန်၏ကြံရွယ်မှုကို ရင်ဆိုင်တုံ့ပြန်ရန် အီရန်အနေဖြင့် အသင့်ပြင် ထားပြီးဖြစ်သလို အမေရိကန်များအတွက် အံ့အားသင့်ဖွယ်များစွာ ပြင်ဆင်ထားတယ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ က မတ်လ ၉ ရက်တွင် ပြောကြားခဲ့သည်။ အာရက်ဂ်ချီ က လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်ကာ အမေရိကန်စစ်တပ်၏ မော်ကွန်းတင် အမျက်ဒေါသဟု အမည်ပေးထားသည့် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုကို မော်ကွန်းတင်မှားယွင်းသော လှုပ်ရှားမှုအဖြစ် ပြောဆိုခဲ့ပြီး ယင်းစစ်ရေးကျူးကျော်မှုသည် နိုင်ငံတကာစွမ်းအင်နှင့် ကုန်စည်ဈေးနှုန်းများကို လက်ခံနိုင်စွမ်းမရှိသည့် အဆင့်ဆီသို့ တွန်းပို့လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်က အီရန်၏ ရေနံနှင့် နျူကလီးယားအဆောက်အဦများကို တိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်လျက် ရှိကြောင်း၊ ယင်းသို့လုပ်ဆောင်ခြင်းဖြင့် အမေရိကန်ပြည်တွင်း ငွေကြေးဖောင်းပွမှု၏ ရိုက်ခတ်သည့်ဒဏ်ကို တားဆီးရန်ကြံရွယ်ခြင်းဖြစ်ကြောင်း အာရက်ဂ်ချီ က ပြောကြားခဲ့သည်။ ထို့အတွက် အီရန်အနေဖြင့် အပြည့်အဝပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ဒါ့အပြင် ကျုပ်တို့က အံ့အားသင့်ဖွယ် များစွာလည်း ပြင်ဆင်ထားတယ်ဟု ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးသည် ဖေဖော်ဝါရီလ ၂၈ ရက်က အီရန်အပေါ် အကြီးအကျယ် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ရာ အီရန်က အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းစသည့် ပစ်မှတ် များကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခြင်းမရှိသော်လည်း အမေရိကန် သို့မဟုတ် အစ္စရေးနှင့် သက်ဆိုင်သော ရေယာဉ်သင်္ဘောအားလုံးမှာ အီရန်၏ တိုက်ခိုက်ရေးပစ်မှတ်ဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် အဆင့်မြင့်စစ်တပ်အရာရှိတစ်ဦးက မကြာမီရက်ပိုင်းက ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)