သီရိလင်္ကာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုအရ ကယ်တင်ခံရသော အီရန်နိုင်ငံသားများအား တစ်လ အခမဲ့ဗီဇာပေးမည်

10 Mar

သီရိလင်္ကာနိုင်ငံအနေဖြင့် အီရန်သင်္ဘောများမှ ကယ်တင်ခံရသော ရေတပ်သားများအား တစ်လအခမဲ့ဗီဇာ ပေးမည်ဖြစ်ကြောင်း၊ ယင်းက ၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကာကွယ်မှုအရ သီရိလင်္ကာ နိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ရှိစေမည်ဖြစ်ကြောင်း နိုင်ငံ၏အဆင့်မြင့်အရာရှိတစ်ဦးက မတ်လ ၈ ရက်၌ ပြောကြားခဲ့သည်။ မတ်လ ၄ ရက်၌ အမေရိကန်ရေငုပ်သင်္ဘောတစ်စင်းက နှစ်မြှုပ်ခဲ့သော IRIS Dena သင်္ဘောမှ အသက်ရှင် ကျန်ရစ်သည့် ရေတပ်သား ၃၂ ဦးနှင့် IRIS Bushehr သင်္ဘောပေါ်ရှိ ရေတပ်သား ၂၀၀ ကျော်တို့အား ဗီဇာများ ပေးအပ်သွားမည်ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ၏ အများပြည်သူလုံခြုံရေးနှင့် လွှတ်တော်ရေးရာဝန်ကြီး အာနန်ဒါ ဝီဂျီပါလာ က ပြောကြားခဲ့ခြင်းဖြစ်သည်။ အီရန်ရေတပ်သားများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များမှာ သီရိလင်္ကာနိုင်ငံနှင့်သက်ဆိုင်သော နိုင်ငံတကာကွန်ဗင်းရှင်းများနှင့် ရေကြောင်းဥပဒေများနှင့်အညီဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှထောက်ခံရန် သို့မဟုတ် ထိခိုက်နစ်နာစေရန် ရည်ရွယ်ခြင်းမရှိဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

10 Mar

ADVERTISE HERE .