နိုင်ငံတကာအသိုက်အဝန်းက ထိုင်ဝမ်ခွဲထွက်ရေး ဆန့်ကျင်မှု ပို၍ထင်ရှားလေ၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ် အေးချမ်းရေးက ပို၍အာမခံမှုရှိလေဖြစ်သည်ဟု ဝမ်ရိ ပြောကြား

10 Mar

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ထိုင်ဝမ် အရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို မတ်လ ၈ ရက်တွင်ကျင်းပသည့် အစည်းအဝေးကြီးနှစ်ရပ် သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားခဲ့သည်။ ဝမ်ရိ က ထိုင်ဝမ်သည် ရှေးပဝေသဏီကပင် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ဖြစ်ရာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလများတွင် မည်သည့်နိုင်ငံဟူ၍ လုံးဝဥဿုံမဖြစ်နိုင်ကြောင်း၊ တရုတ်နိုင်ငံသို့ ထိုင်ဝမ်ပြန်လည်ရောက်ရှိ ခြင်းမှာ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ၏ အောင်မြင်မှုရလဒ်ဖြစ်သလို ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း၏ အသီးအပွင့်လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုင်ရိုကြေညာချက်၊ ပေါ့စ်ဒမ်ကြေညာချက်၊ ဂျပန်လက်နက်ချအညံ့ခံခြင်းစာချုပ်၊ ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ စသည့် နိုင်ငံတကာ ဥပဒေစာရွက်စာတမ်းအားလုံးတွင် ထိုင်ဝမ်၏ နေရာအနေအထားကို ခိုင်ခိုင်မာမာ သော့ခတ်နှိပ်ထားပြီဖြစ်ကြောင်း၊ နိုင်ငံတကာတွင် တရုတ်နှစ်နိုင်ငံ ၊ တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ်တစ်နိုင်ငံ ဟူသော ကြံစည်ကြိုးပမ်းမှုအားလုံးမှာ မုချမသွေရှုံးနိမ့်မည်သာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) အာဏာပိုင်များ ထိုင်ဝမ်ခွဲထွက်ရေး ရပ်တည်ချက်အား ခေါင်းမာစွာ စွဲကိုင်ထားခြင်းသည် ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးသည့်ပြဿနာအရင်းအမြစ် ဖြစ်ကြောင်း ဝမ်ရိ က ထောက်ပြပြောကြားခဲ့သည်။ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သလို တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွားများအနက် အချက်အချာဖြစ်ကြောင်း၊ ထိုအနီရောင်စည်းမျဉ်းကို ကျော်ဖြတ် သို့မဟုတ် နင်းချေ၍ မရကြောင်း ဝမ်ရိ က အလေးထားပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် မည်သူ၊ မည်သည့် အင်အားစုကမျှ လွန်ခဲ့သည့်နှစ်ပေါင်း ၈၀ ကျော်ကပင် ပြန်လည် ရရှိပြီးဖြစ်သည့် ထိုင်ဝမ်အား တရုတ်နိုင်ငံမှခွဲထွက်ရန် ထပ်မံလုပ်ဆောင်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းတွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အခိုင်အမာလက်ကိုင်ထားခြင်းအတွက် တစ်ခဲနက် သဘောတူညီမှုရှိပြီးဖြစ်ကြောင်း၊ ပိုမိုများပြားလှသောနိုင်ငံများက တရုတ်နိုင်ငံနှင့်အတူရပ်တည်ကာ တရုတ် တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလက်ကိုင်ထားပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုက်နက်ဖြစ်သည်ကို အသိအမှတ်လက်ခံသည့်အပေါ် ထပ်မံအလေးထားပြောကြားကြသလို ထိုင်ဝမ်ခွဲထွက်ရေး လုပ်ရပ်မှန်သမျှကိုလည်း အတိအလင်း ဆန့်ကျင်ကန့်ကွက်ကာ တရုတ်နိုင်ငံပေါင်းစည်းရေးလုပ်ငန်းကြီးကို ထောက်ခံအားပေးကြကြောင်း၊ ယင်းမှာ ခွဲထွက်ရေးကိုဆန့်ကျင်၍ ပေါင်းစည်းရေးကိုမြှင့်တင်ခြင်းသည် ခေတ်ကာလရေစီးကြောင်းနှင့် လိုက်လျော ညီထွေဖြစ်သည်ကို ဖော်ပြသလို နိုင်ငံတကာမျှော်လင့်ချက်နှင့်လည်း ကိုက်ညီကြောင်း၊ ထိုင်ဝမ်အရေးဖြေရှင်းသည့်၊ အမိနိုင်ငံ အပြည့်အဝပေါင်းစည်းမှုကို ဖော်ဆောင်သည့် သမိုင်းဖြစ်စဉ်မှာ တားဆီး၍မရကြောင်း၊ ခေတ်ရေစီးကြောင်း နှင့် လိုက်လျောညီထွေဖြစ်သူသည် တိုးတက်စည်ပင်၍ ဆန့်ကျင်သူသည် ပျက်သုဉ်းမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

10 Mar

ADVERTISE HERE .