“2026 Megasaray Hotels Open 2 ချန်ပီယံဆုကို ကယ်လ်လင်းနား ဆွတ်ခူး”

10 Mar

တူရကီနိုင်ငံမှာ ကျင်းပပြုလုပ်လျက်ရှိသော အမျိုးသမီးတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ 2026 Megasaray Hotels Open 2 တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ယူကရိန်းတင်းနစ်မယ် ကယ်လ်လင်းနား က ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့ပါတယ်။ ယူကရိန်းတင်းနစ်မယ် ကယ်လ်လင်းနား ဟာ 2026 Megasaray Hotels Open 2 တင်းနစ်ပြိုင်ပွဲ ဖိုင်နယ်အဆင့်မှာ တစ်နိုင်ငံတည်းနေသူတင်းနစ်မယ် အိုလီရမ်နစ်ကိုဗာ အား ၆-၃၊ ၃-၆၊ ၆-၂ ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိ ကယ်လ်လင်းနား က 2026 Megasaray Hotels Open 2 တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့လို့ အတိုင်းမသိ ဝမ်းသာကြောင်းနှင့် အားပေးတဲ့ ပရိသတ်တစ်ဦးချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

10 Mar

ADVERTISE HERE .