“ယခုရာသီ သွင်းဂိုး ၂၀ ရရန် မျှော်မှန်းနေတဲ့ ပက်ဒရို”

10 Mar

ချဲလ်ဆီးအသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး ဂျာအိုပက်ဒရို က အသင်းသစ်နဲ့ ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ သွင်းယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောကြားလိုက်ပါတယ်။ ပက်ဒရို က ဗီလာအသင်းကို ဂိုးပြတ်အနိုင်ရတဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဗီလာအသင်းနဲ့ပွဲစဉ်က သွင်းဂိုးတွေအပါအဝင် ပက်ဒရို ရဲ့ အခုရာသီပြိုင်ပွဲစုံသွင်းဂိုးက ၁၇ ဂိုးအထိရှိလာပြီး ရာသီလက်ကျန်ပွဲတွေမှာ ဂိုးတွေထပ်သွင်းနိုင်ဖို့ ရည်မှန်း နေပါတယ်။ အခုရာသီမှာ ပက်ဒရိုဟာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၃ ဂိုး သွင်းယူပေးထားတာဖြစ်ပြီး ချဲလ်ဆီးကစားသမားဟောင်း ဒီယေဂို ကော်စတာ နောက်ပိုင်း တစ်ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး ၂၀ အနည်းဆုံးသွင်းယူနိုင်တဲ့ ပထမဆုံး ချဲလ်ဆီးတိုက်စစ်မှူးအဖြစ် မှတ်တမ်းဝင်နိုင်ဖို့ မျှော်လင့်ချက်နေပါတယ်။ (NVS 008)

10 Mar

ADVERTISE HERE .