“၂ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပေမယ့် လိဂ်ဖလားဗိုလ်လုပွဲကို ကြီးကြပ်ခွင့်ရရှိခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ”

10 Mar

မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဟာ ဒီရာသီအင်္ဂလန်ပြည်တွင်းပြိုင်ပွဲတွေမှာ အဝါကတ်ပြသခံရတာ (၆)ကြိမ် ပြည့်သွားပြီဖြစ်တာကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပေမယ့် အာဆင်နယ်အသင်းနဲ့ ယှဥ်ပြိုင်ရမယ့် လိဂ်ဖလားဗိုလ်လုပွဲကို ကြီးကြပ်ခွင့်ရမယ်လို့ သိရပါတယ်။ ဂွါဒီယိုလာဟာ နယူးကာဆယ်နဲ့ ယှဥ်ပြိုင်ခဲ့တဲ့ FA ဖလားပွဲမှာ ဒီရာသီရဲ့ ၆ ကြိမ်မြောက် အဝါကတ် ပြသခံခဲ့ရခြင်း ဖြစ်ပါတယ်။ ယခင်က အင်္ဂလန်ပြည်တွင်းပြိုင်ပွဲမှာ နည်းပြတွေအနေနဲ့ အဝါကတ် ၃ ကြိမ်ပြည့်ရင် ပွဲပယ်ပြစ်ဒဏ်တစ်ပွဲ ချမှတ်ခံရပေမဲ့ ဒီရာသီမှာတော့ အဝါကတ် ၆ ကြိမ်ပြည့်မှ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖို့ ပြောင်းလဲပြင်ဆင်လိုက်ခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ လာမယ့်ပြည်တွင်းပွဲစဥ်နှစ်ပွဲက မတ်လ ၁၄ မှာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်၊ မတ်လ ၂၂ ရက်မှာ အာဆင်နယ်နဲ့ လိဂ်ဖလားဗိုလ်လုပွဲ ဖြစ်ပေမဲ့ ဒီလိုပွဲပယ်ပြစ်ဒဏ်တွေမှာ ဗိုလ်လုပွဲတွေကို ကင်းလွတ်ခွင့် ပြုထားတာကြောင့် ဂွါဒီယိုလာအနေနဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ ကြီးကြပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ (NVS 008)

10 Mar

ADVERTISE HERE .