“နည်းပြဟောင်း ဒီယက်တာဟက်ကင်း ကို အစားထိုးခန့်အပ်ခဲ့တဲ့ ဝုလ်ဘတ်အသင်း”
10 Mar
ဝုလ်ဘတ်အသင်းက လက်ရှိနည်းပြ ဒန်နီယဲလ်ဘော်ယာ ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြဟောင်း ဒီယက်တာဟက်ကင်း ကို အစားထိုးခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ လက်ရှိရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၇)နေရာကိုရောက်ရှိပြီး တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဝုလ်ဘတ်အသင်းဟာ နည်းပြ ဒန်နီယဲလ်ဘော်ယာ ကို ရာထူးကနေထုတ်ပယ်ပြီး နည်းပြဟောင်း ဒီယက်တာဟက်ကင်း ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ဒီယက်တာဟက်ကင်းဟာ ဝုလ်ဖ်ဘတ်အသင်းကို ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဂျာမန်ဖလားနဲ့ ဂျာမန်စူပါဖလားတွေ ရယူပေးခဲ့သလို ဘွန်ဒစ်လီဂါမှာလည်း ဒုတိယနေရာရရှိအောင် စွမ်းဆောင်ပေးခဲ့ဖူးကြောင်း သိရပါတယ်။ ဒီယက်တာဟက်ကင်းဟာ ဒီရာသီအစောပိုင်းမှာ ဘွန်ဒစ်လီဂါလိဂ် ၂ ကလပ် ဘိုဟုမ်အသင်းကနေ ထုတ်ပယ်ခံထားရသူဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)
10 Mar