“FAဖလား ကွာတားဖိုင်နယ်မှာ မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံ”
10 Mar
FA ဖလား ကွာတားဖိုင်နယ်ပွဲတွေကို မတ်လ ၈ ရက်ရေးဆွဲခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လီဗာပူးလ်အသင်းကို အခုရာသီပရီးမီးယားလိဂ်နှစ်ကျော့စလုံးမှာ အနိုင်ယူထားပါတယ်။ ချဲလ်ဆီးအသင်းကတော့ ဆန်းဒါးလန်းအသင်းကို အနိုင်ယူခဲ့တဲ့ League One ကလပ် ပို့တ်ဗေးလ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။ FA ဖလား အောင်မြင်မှုအရှိဆုံးဖြစ်တဲ့ အာဆင်နယ်အသင်းက လိဂ်ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်။ အခြားပွဲစဉ်မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ လိဒ်စ်အသင်းတို့ ထိပ်တိုက်ကစားရမှာ ဖြစ်ပါတယ်။ FAဖလား ကွာတားဖိုင်နယ်ပွဲတွေကို ဧပြီလ ၄ ရက်နှင့် ၅ ရက်တို့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ (NVS 008)
10 Mar