“ပြင်ဦးလွင် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများမှာ တရားမဝင်မြေအသုံးချမှုများမရှိစေရန်စစ်ဆေး”
10 Mar
မတ်လ ၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောမြေဖြစ်သော ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေ များကို ခွင့်ပြုချက်မရဘဲ အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲအသုံးချနေမှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများမှာ ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီက ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် သဘာဝတောများထိန်းသိမ်းခြင်း၊ စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများတည်ထောင်ခြင်းတို့အား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်နေရာမှာ တရားမဝင်ကျူးကျော်အခြေချခြင်းများနှင့် တရားမဝင်မြေအသုံးချခြင်းများ မရှိစေရန် မြေအသုံးချနေမှုများဥပဒေနှင့်အညီ စနစ်တကျမှန်ကန်စေရေးအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများမှာ တရားမဝင်မြေအသုံးချမှုများမရှိစေရန် မြေပြင်ကွင်းဆင်းစစ်ဆေးမည်ဖြစ် ကြောင်း သိရပါတယ် ဒါ့အပြင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သစ်တောထိန်းသိမ်းရေးလုပ်ငန်း များ၊ တောမီးနှင့်မီးခိုးမြူငွေ့အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာကြီးကြပ် ဆောင်ရွက်နိုင်ရန် လေယာဉ်ဖြင့်လှည့်လည်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)