“ဖျာပုံမြို့နယ်နှင့်သာပေါင်းမြို့နယ်တို့မှာ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေး”

10 Mar

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့မှာ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၆၀၀ ကျော် ထုတ်ချေးပေးခဲ့ကြောင်း ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြအစိမ်းရောင်စီမံကိန်း အဖြစ် မြို့နယ်အလိုက်ကျေးရွာများမှာ မြစိမ်းရောင်အသင်းအဖွဲ့များဖွဲ့စည်းကာ ကျေးရွာများရှိ အသင်းသူအသင်းသား များကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးနေကြောင်း သိရပါတယ်။ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အဆင်ပြေချောမွေ့စေရေး၊ မြို့ပြနှင့်ကျေးလက် ကွာဟချက်မြင့်မားမှု မရှိစေရေး ရည်ရွယ်ကြောင်းသိရပါတယ်။ ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်တွင် ဖျာပုံမြို့နယ်တမန်သစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ သိန်း ၃၆၀ ကျော်နှင့် သာပေါင်းမြို့နယ် တံခွန်တိုင်ကျေးရွာမှာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၁၅ သိန်းထိ ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

10 Mar

ADVERTISE HERE .