“မုံရွာမြို့မှာ ဖမ်းဆီးရမိတဲ့ မီးသွေးအိတ် ၆၃၀ ကို လေလံတင်ရောင်းချမည်”

10 Mar

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ပုံစံ(၈)ဝင် ၄၅ ပေါင် မီးသွေးအိတ် ၆၃၀ အိတ်ကို မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနကနေ သိရပါတယ်။ အဆိုပါ မီးသွေးများမှာ တန်အားဖြင့် ၁၀၀ ဒသမ ၈ တန်ရှိပြီး လေလံအစီအစဉ်ကို လာမည့် မတ်လ ၁၆ ရက်၊ နံနက် ၁၀ နာရီတွင် မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လေလံဆွဲဝယ်ယူလိုသူများအနေဖြင့် လျှောက်လွှာနှင့် လေလံစည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၁၀,၀၀၀ နှုန်းနဲ့ မတ်လ ၆ ရက်မှ မတ်လ ၁၂ ရက်အထိ သက်ဆိုင်ရာသစ်တောဦးစီးဌာနတွင် ဝယ်ယူနိုင်ကြောင်း သိရပါတယ်။ အချက်အလက်အသေးစိတ်ကို သစ်တောဦးစီးဌာန၏ ဝက်ဘ်ဆိုက်နှင့် သက်ဆိုင်ရာဌာနများ၏ ဖုန်းများမှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

10 Mar

ADVERTISE HERE .