“မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပုံမှန်အနေအထားပြန်လည်ရောက်ရှိစေရေးဆွေးနွေး”

10 Mar

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးဖြစ်သူ H.E. Mr. Kallayana Vipattipumiprates တို့ မတ်လ ၉ ရက်နေ့လယ်ပိုင်းက တွေ့ဆုံခဲ့ကြပါတယ်။ မြန်မာသံအမတ်ကြီးက H.E. Mr. Kallayana Vipattipumiprates ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးအဖြစ်ခန့်အပ်ခြင်းခံရ၍ ဂုဏ်ယူဝမ်းမြောက်ကာ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေး ပုံမှန်အနေအထား ပြန်လည်ရောက်ရှိစေရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်နိုင်မည့် ဈေးကွက်အခွင့်အလမ်း များနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

10 Mar

ADVERTISE HERE .