“အီရန်ပဋိပက္ခရှည်ကြာလာပါက စီးပွားရေးအပေါ်သက်ရောက်နိုင်ခြင်းကြောင့် တင်းမာမှုများကိုလျှော့ချရန် ဗြိတိန်ပြော”

10 Mar

အီရန်နိုင်ငံနှင့်ဖြစ်ပွားနေသည့် ပဋိပက္ခရှည်ကြာလာပါက စီးပွားရေးအပေါ်ဆိုးကျိုးများ သက်ရောက်နိုင် သောကြောင့် ယင်းနိုင်ငံနှင့်ပတ်သက်သည့် တင်းမာမှုများကို လျှော့ချရန်ကြိုးပမ်းရမည်ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမား က မတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။ စတားမားသည် မြို့တော်လန်ဒန်ရှိ လူထုအခြေပြုဗဟိုဌာနတစ်ခုသို့ သွားရောက်စဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေကို လျှော့ချရန် လိုအပ်ကြောင်းအလေးပေးပြောကြားခြင်းဖြစ်သည်ဟု ဗြိတိန်သတင်းဌာနကြီးတစ်ခုဖြစ်သည့် The Guardian သတင်းဌာနက ၎င်း၏လူမှုမီဒီယာပေါ်တွင် ဖော်ပြထားသည်။ အီရန်ပဋိပက္ခကြာရှည်လာသည်နှင့်အမျှ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ ပိုမိုရှိလာနိုင်ကြောင်း၊ အဆိုပါပဋိပက္ခက ပိုမိုကြာရှည်လေလေ၊ စီးပွားရေးအပေါ် သက်ရောက်မှုရှိလာနိုင်ခြေ ပိုမိုများပြားလေလေဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ထို့ပြင်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးဆိုင်ရာသက်ရောက်မှုများကို ခံနိုင်ရည်ရှိစေရန် အတွက် ဗြိတိန်အစိုးရအနေဖြင့် လွန်ခဲ့သည့် ၁၈ လအတွင်း စီးပွားရေးကြံ့ခိုင်မှုမြှင့်တင်ရန် အစီအမံများလုပ်ဆောင် ထားကြောင်းလည်း ၎င်းကထည့်သွင်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

10 Mar

ADVERTISE HERE .