“လာမယ့်ရာသီ မန်စီးတီးအသင်းမှာ ဆက်ရှိမယ်လို့ အရိပ်အမြွက်ပြောလာတဲ့ ဂွါဒီယိုလာ”

09 Mar

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က လာမယ့်ရာသီ အသင်းမှာပဲ ဆက်ရှိမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာ ဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာ ဖြစ်ပေမယ့် အသင်းကိုကိုင်တွယ်မှု ၁၀ နှစ်တိတိပြည့်တဲ့ အခုရာသီကုန်မှာ ထွက်ခွာမယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အခုရာသီမှာ အာဆင်နယ်နည်းတူ ဖလားလေးလုံးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဂွါဒီယိုလာ ကတော့ သူ့အသင်းဟာ ပြီးပြည့်စုံတဲ့အသင်းမဟုတ်ဘဲ လာမယ့်ရာသီမှသာ မေဂျာဖလားတွေကို စိန်ခေါ်နိုင်မယ့်အသင်းဖြစ်လာမယ်လို့ ဆိုပါတယ်။ (NVS 008)

09 Mar

ADVERTISE HERE .