“အင်တာမိုင်ယာမီအသင်းမှာ တစ်နှစ်ကို ဒေါ်လာ သန်း ၇၀ နဲ့ ၈၀ အကြား ရရှိနေတဲ့ မက်ဆီ”
09 Mar
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ အသင်းမှာ တစ်နှစ် ဒေါ်လာ သန်း ၇၀ နဲ့ ၈၀ အကြား ရရှိနေတယ်လို့ သိရပါတယ်။ အင်တာမိုင်ယာမီ ပူးတွဲပိုင်ရှင်ဖြစ်သူ ဟော်ဟဲမားစ် က မက်ဆီ ရဲ့လစာကို ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် မက်ဆီ ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အသင်းနဲ့ ၂၀၂၈ ခုနှစ်ကုန်အထိ သုံးနှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းဟာ အင်တာမိုင်ယာမီအသင်းမှာ အသက် ၄၀ နှစ်ပြည့်တဲ့အချိန်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ကစားသမားဘဝက အနားယူခဲ့ရင်လည်း အင်တာမိုင်ယာမီအသင်းမှာ ရှယ်ယာရှင်ဖြစ်လာမယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။ (NVS 008)
09 Mar