“ကွင်းလယ်လူ ဂရာဗန်ဘာ့ချ် ကို ကာလရှည်သက်တမ်းတိုးခဲ့တဲ့ လီဗာပူးလ်အသင်း”
09 Mar
လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူ ဂရာဗန်ဘာ့ချ် ကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂရာဗန်ဘာ့ချ် ဟာ ၂၀၂၃ ခုနှစ်နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက်အဓိကကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့တယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဂရာဗန်ဘာ့ချ် ကို ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဆိုဘိုဆလိုင်း၊ အယ်လစ္စတာတို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ (NVS 008)
09 Mar