“ထရိုဆတ်ဒ် နဲ့ ကာလာဖီအိုရီ တို့ ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့တဲ့ အာဆင်နယ်အသင်း”
09 Mar
အာဆင်နယ်အသင်းကစားသမားတွေဖြစ်တဲ့ ထရိုဆတ်ဒ် နဲ့ ကာလာဖီအိုရီ တို့ FA ဖလားပွဲစဉ်မှာ ဒဏ်ရာအသီးသီးရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်ရဲ့ပွဲချိန် ၃၈ မိနစ်မှာ ထရိုဆတ်ဒ် နဲ့ ၇၆ မိနစ်မှာ ကာလာဖီအိုရီ တို့ ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ အခုပွဲစဉ် Line-up မှာ နောက်ဆုံးပွဲ ပွဲထွက်စာရင်းကို ရှစ်နေရာအထိ အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ကာလာဖီအိုရီ ဟာ မကြာသေးခင်ကမှ ကြွက်သားဒဏ်ရာနဲ့ ၁၀ ပွဲအထိ လွဲချော်ခဲ့ရပြီး လတ်တလော ပြန်ကစားနိုင်ခဲ့ပေမယ့် အခုလိုဒဏ်ရာထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းမှာ ဆာလီဘာ၊ အော်ဒီဂွါ၊ မယ်ရီနိုနဲ့ ဘင်ဝှိုက်တို့လည်း ဒဏ်ရာရရှိနေပြီး မယ်ရီနိုက ရာသီကုန်အထိ အနားယူရမှာဖြစ်ပါတယ်။ (NVS 008)
09 Mar