“တရုတ်နှင့်ရုရှားတို့အကြား အပြန်အလှန်ယုံကြည်မှု မြင့်မားလျက်ရှိသောကြောင့် ပြင်ပမှရန်စမှုများကို ကြောက်ရွံ့ခြင်းမရှိဟု တရုတ်ပြော”

09 Mar

တရုတ်နှင့်နှင့်ရုရှားနိုင်ငံတို့ကြားတွင် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုမြင့်မားလျက်ရှိသောကြောင့် ပြင်ပမှမည်သို့သော ရန်စမှုများကိုမျှ ကြောက်ရွံ့ခြင်းမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားသည်။ မိမိတို့နိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြားတွင် အလွန်ခိုင်မာသည့်နိုင်ငံရေးဆိုင်ရာ အပြန်အလှန်ယုံကြည်မှုရှိသည့် အပြင် အပြန်အလှန်အမှီသဟဲပြုပြီး ရပ်တည်နေသည့်ဆက်ဆံရေးသည် တရုတ်-ရုရှား ဆက်ဆံရေး၏ အနှစ်သာရ ဖြစ်လာကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြင်ပမှရန်စမှုနှင့် ဖိအားပေးခြင်းမျိုးကို ကြောက်ရွံ့မှုမရှိကြောင်း ဝမ်ယိ က ပြောခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မျှတသောနိုင်ငံတကာစီးပွားရေးစနစ်ကို ထိန်းသိမ်းရန်ကြိုးပမ်းမည်ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စံချိန်စံနှုန်းများအပေါ်အခြေခံသည့် ဘက်စုံကုန်သွယ်ရေးစနစ်အတွက် ရပ်တည်သွားရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ထို့အတူ လက်ရှိနိုင်ငံတကာအခြေအနေများတွင် စိန်ခေါ်မှုများပြားပြီး ပြောင်းလဲမှုများရှိနေသော်လည်း ရုရှားနှင့်တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးမှာ အလွန်ခိုင်မာ နေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ဗိုလ်ကျစိုးမိုးရေးဝါဒနှင့်မိမိအကျိုးအတွက် သူတစ်ပါးကို ထိခိုက် စေသည့်လုပ်ဆောင်ချက်မျိုးကို ထောက်ခံမည်မဟုတ်ကြောင်းလည်း ဝမ်ယိက ထပ်လောင်းပြောကြားခဲ့ကြောင်း TASS Russian သတင်းဌာနဖော်ပြချက်အရ သိရသည်။

09 Mar

ADVERTISE HERE .