“နွေစပါးစိုက်ကာလဖြစ်၍ စိုက်ပျိုးရေရရှိရေး စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်ရမည်”

09 Mar

စက်သုံးဆီနှင့်ပတ်သက်ပါက မြေပြင်သတင်းမှန်ရရှိရန်လိုအပ်ပြီး နွေစပါးစိုက်ကာလဖြစ်၍ စိုက်ပျိုးရေ ရရှိရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်ရမည်ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က စက်သုံးဆီသုံးစွဲမှုခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စက်သုံးဆီနဲ့ပတ်သက်ရင် မြေပြင်သတင်းမှန်ရရှိဖို့ လိုအပ်ပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်တွေကို စက်သုံးဆီနေ့စဉ်ရောက်ရှိမှု ကျန်ရှိမှုနဲ့ ရောင်းချရာမှာ ဈေးတင်ရောင်းတာမျိုးမဖြစ်ဖို့ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ကာလဖြစ်လို့ စိုက်ပျိုးရေ ရရှိဖို့အတွက် စက်သုံးဆီမဖြစ်မနေလိုအပ်တာကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိစေဖို့၊ စက်သုံးဆီခြိုးခြံချွေတာဖို့နဲ့ ဖူလုံမှု ရှိ‌စေဖို့တွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ယာဉ်တွေမောင်းနှင်အသုံးပြုဖို့ ကြပ်မတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်သူများကို မိမိတို့အသုံးပြုရန်အတွက် လိုအပ်သလောက်သာဝယ်ယူသုံးစွဲရန်၊ မလိုအပ်ဘဲ ဝယ်ယူသိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ နေ့စဉ်အသုံးပြုသည့်ယဉ်များအနေဖြင့်လည်း သုံးစွဲတဲ့အခေါက်ရေ အနည်းဆုံးနှင့် သုံးစွဲသည့်ယာဉ်စီးရေအနည်းဆုံးဖြစ်အောင်ခြိုးခြံဆောင်ရွက်ရန် အသိပညာပေးရမယ်လို့ ပြောကြား ခဲ့ပါတယ်။ (NVS 004)

09 Mar

ADVERTISE HERE .