“ပြည်တွင်းသို့ စက်သုံးဆီသင်္ဘော ၁၄ စီး စဉ်ဆက်မပြတ် ဝင်ရောက်လာမည်”
09 Mar
မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံမှုအတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို စက်သုံးဆီတင်သင်္ဘော ၁၄ စီး ဝင်ရောက်လာမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၈ ရက်ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၈ ရက်မှာ သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ပြီး သင်္ဘော ၂ စီး ရှိတဲ့အပြင် လမ်းခရီး၌ သင်္ဘော ၄ စီး၊ ဆီတင်နေသည့် သင်္ဘော ၃ စီးနှင့် ဆီတင်ရန်စောင့်ဆိုင်းနေသည့် သင်္ဘော ၅ စီး စုစုပေါင်း စက်သုံးဆီသင်္ဘော ၁၄ စီး ရှိနေကြောင်း ထုတ်ပြန်ပါတယ်။ ဒါကြောင့် ပြည်တွင်း၌ စိုးရိမ်စိတ်ဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းမှု မဖြစ်ပေါ်စေရန်နှင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲနိုင်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ (NVS 004)
09 Mar