“ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးမှာ ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းများလုပ်ကိုင်ရန်လေလံခေါ်”

09 Mar

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဝတ္တကမြေအတွင်း၌ ၂ဝ၂၆ ခုနှစ်အတွက် လုပ်ငန်းများလုပ်ကိုင်ရန် စေတီတော်မြတ်ကြီးဂေါပကအဖွဲ့မှ လေလံခေါ်ယူလျက်ရှိကြောင်း သိရပါတယ်။ ယက္ခမယ်တော်နန်း နှင့် ဘိုးဘိုးကြီးနန်း အုန်းပွဲ၊ ငှက်ပျောပွဲ ရောင်းချခွင့်လုပ်ငန်း၊ မော်တော်ယာဉ် ရပ်နားခွင့်နှင့် ဆိုင်ကယ်အပ်နှံခြင်း အခွန်ကောက်ခံခွင့်လုပ်ငန်း၊ ဓာတ်ပုံလုပ်ငန်းတို့ကို လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် မတ်လ ၉ ရက်မှစတင်၍ ရုံးချိန်အတွင်း လေလံဆွဲဝယ်ယူခွင့်ပုံစံနှင့် စည်းကမ်းချက် ၁ စုံ လျှင် ၂ဝ,ဝဝဝ ကျပ်ဖြင့် စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံးမှာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ လေလံဆွဲဝယ်ယူခွင့်ပုံစံအား အာမခံပေးသွင်းပြီးကြောင်းပြေစာနှင့်အတူ မတ်လ ၂၀ ရက်ညနေ ၄ နာရီ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကာ မတ်လ ၂၂ ရက်မွန်းလွဲ ၁ နာရီ၌ လေလံပွဲကျင်းပသွားမည်ဖြစ်၍ အသေးစိတ် သိရှိလိုပါက ရုံးအဖွဲ့မှူး၏ ဖုန်း ၀၉-၇၉၂၃၃ဝ၂၆၆ ထံဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

09 Mar

ADVERTISE HERE .