“မန္တလေးမြို့မှာ မန္တလေးငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ မီးသတ်ရေလှောင်ကန်များကို စစ်ဆေး”
09 Mar
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ မီးသတ် ရေလှောင်ကန်များကို ပြန်လည်ပြင်ဆင်ရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ရင်းမှတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများကစစ်ဆေးခဲ့ကြကြောင်း မဟာအောင်မြေမြို့နယ် အရန်မီးသတ်ရုံးမှ သိရပါတယ်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက် ၈၄ လမ်းနှင့် လမ်း ၄၀ ထောင့်ရှိ ရေအပေါ်ကန်ဂါလန် ၈,၀၀၀ ဆံ့ မီးသတ်ရေလှောင်ကန်နှင့် ရွှေဘုန်းရှိန်ရပ်ကွက် ၈၂ လမ်း၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြားရှိ မြေအောက်ရေကန်ဂါလန် ၁၂,၅၀၀ ဆံ့ မီးသတ်ရေလှောင်ကန်တို့ပျက်စီးကာ ရေသိုလှောင်ရန် အဆင်မပြေတော့ကြောင်း သိရပါတယ်။ (NVS 004)
09 Mar