“ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုရန် စာရင်းပေးထားသူ နှစ်သိန်းခြောက်သောင်းခွဲကျော်ရှိ”

09 Mar

လာမည့်မတ်လ ၁၁ ရက်မှာစတင်ကျင်းပမယ့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးထားတဲ့ ကျောင်းသား၊ ကျောင်းသူများမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၆၅,၀၀၀ ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်ပစာစစ်ဌာနများအပါအဝင် မြန်မာတစ်နိုင်ငံလုံး၌ စာစစ်ဌာန ၈၉၀ ခန့်ဖွင့်လှစ်သွားမည်ဖြစ်ကာ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန် သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် စာမေးပွဲဖြေဆိုချိန်၌ စာဖြေသူများနှင့် စာစစ် ဆရာ၊ ဆရာမများ သွားလာရအဆင်ပြေအောင် စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ (NVS 004)

09 Mar

ADVERTISE HERE .