ကျောက်ဆည်ခရိုင်အတွင်း ဆောင်းပဲမျိုးစုံ စိုက်ဧက ၁၂၀,၀၀၀ ကျော် ရိတ်သိမ်းမှု ၅၀ ရာခိုင်နှုန်းပြီးစီး

08 Mar

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးထားသည့် ဆောင်းပဲမျိုးစုံသီးနှံများ အောင်မြင် ဖြစ်ထွန်းပြီး လက်ရှိတွင် ရိတ်သိမ်းမှုများ ဆောင်ရွက်နေပြီဖြစ်ကာ ၅၀ ရာခိုင်နှုန်း ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ကျောက်ဆည်ခရိုင်အတွင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ဆောင်းပဲမျိုးစုံ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ ပဲကျား၊ ပဲယဉ်း၊ ပဲပုပ်၊ မတ်ပဲနှင့် အခြားပဲစုစုပေါင်း စိုက်ဧက ၁၂၅,၂၆၅ ဧက စိုက်ပျိုးခဲ့ပါတယ်။ ဆောင်းပဲမျိုးစုံတစ်ဧက အထွက်နှုန်းများမှာ ကုလားပဲတစ်ဧကကို ၁၅ ဒသမ ၃၃ တင်း၊ ပဲတီစိမ်းတစ်ဧကကို ၁၆ ဒသမ ၄၀ တင်း၊ ပဲမျိုးစုံတစ်ဧကကို ၁၅ ဒသမ ၁၈ တင်း၊ ပဲကြီးတစ်ဧကကို ၁၂ ဒသမ ၈၃ တင်း၊ ပဲကျားတစ်ဧကကို ၁၃ ဒသမ ၈၀ တင်းနဲ့ ပဲယဉ်းတစ်ဧကကို ၁၂ ဒသမ ၉၃ တင်းခန့် ထွက်ရှိကြောင်း သိရပါတယ်။ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံစိုက်ဧက ၅၈၃၇၅ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၂၂၂၄၃ ဧကနှင့် မြစ်သားမြို့နယ်တွင် ၄၄၆၄၇ ဧက စုစုပေါင်းစိုက်ဧက ၁၂၅၂၆၅ ဧက စိုက်ပျိုးခဲ့ပြီး ဒေသအတွင်းမှ တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းကောင်းမွန်စေရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။(NVS 004)

08 Mar

ADVERTISE HERE .