ရုရှားသမ္မတနှင့် အီရန်သမ္မတတို့ ဖုန်းခေါ်ဆိုဆွေးနွေး

08 Mar

လက်ရှိဖြစ်ပွားနေသော အီရန်စစ်ရေးပဋိပက္ခအတွင်း အီရန်အရပ်သားပြည်သူ အများအပြားသေဆုံးခဲ့မှု အတွက် စာနာထောက်ထားကြောင်း ရုရှားသမ္မတ ပူတင် က မတ်လ ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အီရန်သမ္မတ ပီဇက်ရှ်ကီအန် နှင့် မတ်လ ၆ ရက်က ဖုန်းခေါ်ဆိုဆွေးနွေးစဉ် ရုရှားသမ္မတ ပူတင် က အဆိုပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့၏ တိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ နှင့် အီရန် ထိပ်တန်းတာဝန်ရှိသူများ သေဆုံးခဲ့သည့်အတွက်လည်း စာနာဝမ်းနည်းကြောင်း ရုရှားသမ္မတ ပူတင် က အီရန်သမ္မတ ပီဇက်ရှ်ကီအန် နှင့် ဖုန်းခေါ်ဆိုဆွေးနွေးစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိဖြစ်ပွားနေသော အီရန်စစ်ရေးပဋိပက္ခ အမြန်ဆုံးပြီးဆုံးရေးအတွက် တိုက်ခိုက်မှုများရပ်ဆိုင်းကြရန် ရုရှားသမ္မတ ပူတင် က တောင်းဆိုထားသည်။ ရုရှားသမ္မတ ပူတင် သည် အီရန်စစ်ရေးပဋိပက္ခ အဆုံးသတ်နိုင်ရေး အတွက် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း ဆက်သွယ်မှု မပြတ် ပြုလုပ်နေကြောင်း ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်ထားသည်။ ရုရှားနိုင်ငံအနေဖြင့် အီရန်ပြည်သူများနှင့် တစ်သားတည်း ရပ်တည်ပေးနေသည့်အတွက် ကျေးဇူးတင်ရှိ ကြောင်း သမ္မတ ပီဇက်ရှ်ကီအန် က ရုရှား သမ္မတ ပူတင် နှင့် ဖုန်းခေါ်ဆိုဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

08 Mar

ADVERTISE HERE .