ဘိုကာဂျူနီယာအသင်းက ဒိုင်ဘာလာ ကိုခေါ်ယူရန်စီစဉ်
07 Mar
ဘိုကာဂျူနီယာအသင်းက ရိုးမားအသင်းတိုက်စစ်မှူး ဒိုင်ဘာလာ ကိုခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူး ဒိုင်ဘာလာ ဟာ ရိုးမားအသင်းနှင့်အတူ ၂ဝ၂၂-၂ဝ၂၃ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၃၅ ပွဲကစားပြီး ၄၅ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ဒိုင်ဘာလာ အနေနဲ့ လက်ရှိအချိန်မှာ ရိုးမားအသင်းတာဝန်ရှိသူများနှင့် အဆင်မပြေဖြစ်နေခြင်းကြောင့် ရိုးမားအသင်းမှ ထွက်ခွာလိုနေတာ ဖြစ်ပါတယ်။ ဘိုကာဂျူနီယာအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့မှာ ရိုးမားအသင်းထံမှ ဒိုင်ဘာလာ ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)
07 Mar