ဂျူဗင်တပ်အသင်းက ဗလာဟိုဗစ် ကို စာချုပ်သက်တမ်းတိုးရန်စီစဉ်

07 Mar

ဂျူဗင်တပ်အသင်းက အသင်းတိုက်စစ်မှူး ဗလာဟိုဗစ် ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး ဗလာဟိုဗစ် ဟာ ဂျူဗင်တပ်အသင်းနှင့်အတူ ၂ဝ၂၁-၂၀၂၂ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၆၂ ပွဲကစားပြီး ၆၄ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းက စာချုပ်သက် တမ်းတိုးရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းက ဗလာဟိုဗစ် ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီး သူဟာ အသင်းအတွက် ကစားသမားကောင်းတစ်ယောက်ဖြစ်ကာ စာချုပ်ကိစ္စကိုလည်း မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့ မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

07 Mar

ADVERTISE HERE .