ဂစ်ဝှိုက် ရဲ့ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၇ဝ သတ်မှတ်လိုက်တဲ့ နော်တင်ဟမ်အသင်း

07 Mar

နော်တင်ဟမ်အသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းအသင်းကြီး များကခေါ်ယူရန် ပစ်မှတ်ထားနေသည့် ကွင်းလယ်ကစားသမား ဂစ်ဝှိုက် အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၇၀ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ဂစ်ဝှိုက် ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နော်တင်ဟမ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီးနောက် အင်္ဂလန်အသင်းတွင်ပါ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက ထိပ်တန်း အသင်းကြီးများရဲ့ ကမ်းလှမ်းမှုများကို ရရှိခဲ့သော်လည်း နော်တင်ဟမ်အသင်းက ပယ်ချခဲ့တဲ့အတွက် ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဂစ်ဝှိုက် အနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင်လည်း အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းကို ပြသနေခဲ့လို့ လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် စပါးနှင့် မန်စီးတီးအသင်းတို့က ခေါ်ယူရန် ပစ်မှတ်ထား နေတဲ့အတွက် နော်တင်ဟမ်အသင်းက ဂစ်ဝှိုက် ရဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

07 Mar

ADVERTISE HERE .