ရက်ရှ်ဖို့ဒ် ရဲ့အပြောင်းအရွှေ့အတွက် မန်ယူနှင့် ဘာစီလိုနာအသင်း ဆွေးနွေး
07 Mar
မန်ယူနှင့် ဘာစီလိုနာအသင်းတို့က တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ် ရဲ့ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ဆွေး နွေးမှုများ ပြုလုပ်နေကြောင်းသိရပါတယ်။ ရက်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနှင့်အတူ အစောပိုင်းနှစ် များက အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့သော်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီက နည်းပြဟောင်း အာမိုရင်မ် လက်ထက် တွင် ပွဲကစားခွင့်မရရှိခဲ့လို့ အေဗီလာအသင်းထံ ရာသီဝက်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။ ထို့နောက် ဘာစီလိုနာအသင်းထံသို့ အငှားဖြင့် ထပ်မံပြောင်းရွှေ့ခဲ့ပြီး စာချုပ်တွင် ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ် ရဲ့ခြေစွမ်းကို နှစ်သက်မည်ဆိုပါက စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ပြောင်းရွှေ့ကြေးစတာလင်ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူနိုင်မည့်အချက် ပါဝင်ခဲ့တာဖြစ်ပါတယ်။ သို့သော် မန်ယူအသင်းက ရက်ရှ်ဖို့ဒ် ကို အသင်းထံသို့ ပြန်လည်ခေါ်ယူလိုတာကြောင့် ဘာစီလိုနာနှင့် မန်ယူအသင်းတို့ကြား ကစားသမားရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။(NVS 008)