တိုက်စစ်မှူး ဒီလပ် ချယ်လ်ဆီးအသင်းမှ ထွက်ခွာရန်စီစဉ်

07 Mar

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဒီလပ် ဟာ ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရတာကြောင့် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း သိရပါတယ်။ ဒီလပ် ဟာ လက်ရှိဘောလုံးရာသီမှာ အစ်ဝှစ်ချ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃၀ ဖြင့် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီလပ် အနေနဲ့ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၇ ပွဲတွင် ကိုးပွဲထိ ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း သွင်းဂိုးတစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းတာဝန်ရှိသူများက လာမည့်အပြောင်းအရွှေ့ကာလတွင် အပြီးသတ်ဝယ်ယူခွင့်ပါသည့် အငှားစာချုပ်ဖြင့် ပရီးမီးယားလိဂ်အသင်းတစ်သင်း ထံသို့ စေလွှတ်ရန်စီစဉ်ထားခဲ့လို့ ဒီလပ် က ချယ်လ်ဆီးအသင်းမှထွက်ခွာရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ချယ်လ်ဆီးအသင်းနှင့် ဒီလပ် တို့ရဲ့အခြေအနေကို စောင့်ကြည့်နေသည့် အသင်းများစွာရှိပြီး ၎င်းကိုခေါ်ယူရန် မန်ယူ၊ နယူးကာဆယ်၊ အဲဗာတန်၊ ဘရိုက်တန်နှင့် ဆန်းဒါးလန်းအသင်းတို့က အပြိုင်ကြိုးပမ်း နေကြောင်းသိရပါတယ်။(NVS 008)

07 Mar

ADVERTISE HERE .