တိုက်စစ်မှူး ဂျေးဇူး အာဆင်နယ်အသင်းမှ ထွက်ခွာရန်ဆန္ဒမရှိကြောင်းပြော

07 Mar

အာဆင်နယ်အသင်း တိုက်စစ်မှူး ဂျေးဇူး က အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသော်လည်း အသင်းမှ ထွက်ခွာရန် ဆန္ဒမရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။ အသက်၂၈ နှစ်အရွယ် ဂျေးဇူး ဟာ ၂၀၂၂ နွေရာသီတွင် မန်စီးတီးအသင်းမှ အာဆင်နယ်အသင်းထံ ပေါင် ၄၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ ဂျေးဇူး အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း ဒဏ်ရာပြဿနာကြောင့် တစ်နှစ်ခန့်အနားယူနေခဲ့ရတာကြောင့် အာဆင်နယ်အသင်း က ရောင်းထုတ်ချင်လိုနေပြီး အသင်းဟောင်း ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းက ပြန်လည်ခေါ်ယူလိုကြောင်း သတင်းများထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဂျေးဇူး က အာဆင်နယ်အသင်းကနေ ထွက်ခွာလိုခြင်းမရှိကြောင်းနဲ့ အသင်းအပေါ် အလုပ်မပြီးပြတ်သေးဘူးလို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

07 Mar

ADVERTISE HERE .