ရီးယဲလ်မက်ဒရစ်အသင်းနည်းပြသစ်အဖြစ် ဂျူဗင်တပ်စ်နှင့် အေစီမီလန်အသင်း နည်းပြဟောင်း အယ်လီဂရီ ရေပန်းစားနေ
07 Mar
ရီးယဲလ်မက်ဒရစ်အသင်း နည်းပြသစ်အဖြစ် စီးရီးအေထိပ်တန်းနည်းပြတစ်ဦးဖြစ်သည့် ဂျူဗင်တပ်စ်နှင့် အေစီမီလန်အသင်း နည်းပြဟောင်း အယ်လီဂရီ က ထိပ်ဆုံးမှရေပန်းစားနေကြောင်း သိရပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းက ယခုဘောလုံးရာသီတွင် နည်းပြသစ်အဖြစ် အလွန်ဆို ကို ခန့်အပ်ခဲ့သော်လည်း အသင်းရလဒ်များမတည်မငြိမ် ဖြစ်ခဲ့တဲ့အပြင် အသင်းမှအဓိကကစားသမားများနဲ့လည်း ဆက်ဆံရေးမပြေလည်မှုများ ရှိခဲ့လို့ နည်းပြ အလွန်ဆို ကို ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ယာယီနည်းပြအဖြစ် ကစားသမားဟောင်း အာဘီလိုအာ ကို ခန့်အပ်ထား သော်လည်း ရာသီအကုန်တွင် နည်းပြသစ်တစ်ဦး ခန့်အပ်မှာဖြစ်လို့ စီးရီးအေပြိုင်ပွဲတွင် ထိပ်တန်းအသင်းကြီးများနှင့် အတွေ့အကြုံကောင်းများစွာရှိသည့် ဝါရင့်နည်းပြ အယ်လီဂရီ ကို ခန့်အပ်လိုနေခြင်းဖြစ်ပါတယ်။ နည်းပြ အယ်လီဂရီ ဟာ အီတလီစီးရီးအေပြိုင်ပွဲ၌ အေစီမီလန်၊ ဂျူဗင်တပ်စ်အသင်းတို့နှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့ပြီး ဥရောပအဆင့်ပြိုင်ပွဲများတွင်လည်း အတွေ့အကြုံကောင်းများရှိတဲ့ နည်းပြတစ်ဦး ဖြစ်လို့ ရီးယဲလ်မက်ဒရစ်အသင်းက ခန့်အပ်လိုနေခြင်းဖြစ်ပါတယ်။ နည်းပြ အယ်လီဂရီ ဟာ ၂၀၂၅ ခုနှစ် မေလက အေစီမီလန်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် လက်ရှိတွင် ကလပ်အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်ပါတယ်။(NVS 008)