ချယ်လ်ဆီးအသင်းက ရိုဒရီဂို ကိုခေါ်ယူရန် စီစဉ်

07 Mar

ချယ်လ်ဆီးအသင်းက ရီးရဲလ်အသင်း တိုက်စစ်ကစားသမား ရိုဒရီဂို ကိုခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက်၂၄ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂို အနေနဲ့ ဘာပေ၊ ဘယ်လင်ဂမ် နဲ့ ဗင်နီစီးယပ်စ် တို့ကဲ့သို့ ဦးစားပေးခံရခြင်းမရှိတဲ့အတွက် ရီးရဲလ်အသင်းမှ ထွက်ခွာလိုနေကြောင်း သတင်းများထွက်ပေါ်လျက် ရှိပါတယ်။ ချယ်လ်ဆီးအသင်းက ရိုဒရီဂို ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ကမ်းလှမ်းရန် အသင့်ရှိနေခြင်း ပါတယ်။ ရိုဒရီဂို ဟာ ရီးရဲလ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ချယ်လ်ဆီးက ၎င်းအတွက် ပြောင်း ရွှေ့ကြေး ယူရိုသန်း ၁၀၀ အသုံးပြုရဖွယ်ရှိနေကြောင်း သိရပါတယ်။ (NVS 008)

07 Mar

ADVERTISE HERE .