တံကောက်ကြောဒဏ်ရာကြောင့် စီရော်နယ်ဒို ရက်သတ္တလေးပတ်ခန့် အနားယူရမည်ဟု အယ်လ်နာဆာအသင်း အတည်ပြု

07 Mar

အယ်လ်နာဆာအသင်းမှ တိုက်စစ်မှူး စီရော်နယ်ဒို အနေနဲ့ တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တ လေးပတ်ခန့် အနားယူရမယ်လို့ အတည်ပြုကြေညာခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ စီရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ အယ်လ်နာဆာနှင့် အယ်လ်ဖေဟာအသင်းတို့ ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်တွင် ပွဲချိန် ၈၁ မိနစ်၌ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီးနောက် လူစားလဲခဲ့ရပါတယ်။ ထို့နောက် စီရော်နယ်ဒို ရဲ့ တံကောက်ကြော ဒဏ်ရာနှင့်ပတ်သက်ပြီး အသေးစိတ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒဏ်ရာမှာ ပြင်းထန်မှု မရှိသော်လည်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန် အနည်းဆုံးရက်သတ္တ လေးပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒို ဟာ ယခုနှစ်ဘောလုံးရာသီတွင် အယ်လ်နာဆာအသင်းနှင့်အတူ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ၂၂ ပွဲတွင် သွင်းဂိုး ၂၁ ဂိုး သွင်းယူထားပြီး အယ်လ်နာဆာအသင်းကလည်း ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ၂၄ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၆၁ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရပါတယ်။(NVS 008)

07 Mar

ADVERTISE HERE .