ပီတာဆက် ရဲ့ Clean Sheet စံချိန်ကို အာဆင်နယ်အသင်းမှ ဒေးဗစ်ရိုင်ယာ လိုက်မီ

07 Mar

အာဆင်နယ်အသင်းဂိုးသမား ဒေးဗစ်ရိုင်ယာ အနေနဲ့ ယခုဘောလုံးရာသီတွင် ဂိုးမပေးရသည့်ပွဲစဉ် (Clean Sheet) အရေအတွက် ၁၄ ပွဲအထိရှိလာတဲ့အတွက် ချယ်လ်ဆီးအသင်းဂိုးသမားဟောင်း ပီတာဆက် ရဲ့ Clean Sheet စံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။ ပီတာဆက် ဟာ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းနှင့်အတူ တစ်ရာသီအတွင်း ဂိုးမပေးရသည့် ပွဲစဉ်က ၁၄ ပွဲအထိရရှိခဲ့ရာ ယခုအခါ ဒေးဗစ်ရိုင်ယာ က လက်ရှိဘောလုံးရာသီပြီးဆုံးရန် ကိုးပွဲ အလိုတွင် လိုက်မီနိုင်ခြင်းဖြစ်ပြီး ပီတာဆက် ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးမပေးရသည့်ပွဲစဉ်အများဆုံး ဂိုးသမားစာရင်းတွင် ဒေးဗစ်ရိုင်ယာ က ၁၄ ပွဲဖြင့် ထိပ်ဆုံးမှဦးဆောင်နေကာ ရွှေလက်အိတ်ဆုအတွက် နီးစပ်လျက်ရှိပြီး ၎င်း၏နောက်၌ မန်စီးတီးအသင်းဂိုးသမား ဒွန်နာရမ်မာ က ၁၁ ပွဲ၊ အဲဗာတန် အသင်းဂိုးသမား ပစ်ဖို့ဒ် က ၁၀ ပွဲတို့ဖြင့် အသီးသီး ရပ်တည်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

07 Mar

ADVERTISE HERE .