နိုင်ငံတကာမှမိတ်ဖက်များထံသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထောက်ပံ့ပေးနိုင်ရေး အာမခံရန်အသင့်ရှိဟု ရုရှားပြော

07 Mar

ရုရှားနိုင်ငံအနေဖြင့် နိုင်ငံတကာမှ မိတ်ဖက်များထံသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့များ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရေးအတွက် အာမခံရန်အသင့်ရှိကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က မတ်လ ၆ ရက်တွင် ပြောကြားသည်။ ရုရှားနိုင်ငံသည် ပြည်ပစီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေသော်လည်း မိတ်ဖက်နိုင်ငံကြီးများ ဖြစ်သည့် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပက်စကော့ က ပြောသည်။ ဥရောပကော်မရှင်သည် လက်ရှိတွင် ရုရှားနိုင်ငံနှင့် စီးပွားရေးအရဆက်ဆံမှုအားလုံးကို လုံးဝအဆက်ဖြတ်ရန် ဥပဒေကြောင်းအရ မူဘောင်တစ်ရပ်ကို ရေးဆွဲလျက်ရှိပြီး ရုရှားနိုင်ငံအပေါ် အကြိမ် ၂၀ မြောက် ပိတ်ဆို့အရေးယူမှု အစီအစဉ်ကိုလည်း ပြင်ဆင်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံဘက်ကလည်း ဥရောပနိုင်ငံများသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုကို အပြီးတိုင် ရပ်တန့်ပစ် ရန်စဉ်းစားလျက်ရှိသည်။ အကယ်၍ ရုရှားနိုင်ငံမှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှု ရပ်တန့်သွားပါက ဥရောပနိုင်ငံများအတွက် တစ်နှစ်လျှင်ယူရို ၁၃ ဒသမ ၈ ဘီလီယံခန့်အထိ ကုန်ကျစရိတ် မြင့်တက်သွားနိုင်ကြောင်း သိရသည်။

07 Mar

ADVERTISE HERE .