“စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့တဲ့ ဆိုစီဒက်အသင်း”
06 Mar
၂ဝ၂၅-၂၀၂၆ ဘောလုံးရာသီ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဆင့် သို့ ဆိုစီဒက်အသင်း တက်ရောက်ခဲ့ပါတယ်။ ဆိုစီဒက်အသင်းက ဘီလ်ဘာအိုအသင်းကို နှစ်ကျော့ ပေါင်းရလဒ် နှစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိကာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်အဖြစ် လာမည့် ဧပြီလ ၁၉ ရက်မှာ ဆိုစီဒက်အသင်းနှင့် အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး မည်သည့်အသင်းက ချန်ပီယံဆု ရယူနိုင်မည် စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည် ဖြစ်ပါတယ်။ (NVS 008)
06 Mar