“မန်ယူအသင်း၏ တစ်လတာအကောင်းဆုံး ကစားသမားဆုကိုဆွတ်ခူးခဲ့တဲ့ ဆက်စ်ကို”

06 Mar

မန်ယူအသင်းမှ လစဉ်လတိုင်းပေးအပ်ချီးမြှင့်လျက်ရှိတဲ့ ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး ဆက်စ်ကို က ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါတယ်။ တိုက်စစ်မှုး ဆက်စ်ကို က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲ ပါဝင်ကစားပြီး သုံးဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။ တိုက်စစ်မှူး ဆက်စ်ကို က ယခုနှစ်မန်ယူအသင်းနှင့်အတူ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၂၅ တွဲကစားပြီး ကိုးဂိုး သွင်းယူကာ ခြေစွမ်းပြသထားပါတယ်။ (NVS 008)

06 Mar

ADVERTISE HERE .