“အင်တာမီလန်အသင်းမှာ ဆက်ရှိသွားမယ့် အက်စ်ပိုစီတို”
06 Mar
တိုက်စစ်မှူး အက်စ်ပိုစီတို ဟာ အသင်းမှထွက်ခွာမည်ဆိုသော သတင်းများက ကောလာဟလ များသာဖြစ်ပြီး အသင်းမှာသာ ဆက်ရှိသွားမယ်လို့ အင်တာမီလန်အသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အက်စ်ပိုစီတို ကို လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း အက်စ်ပိုစီတို က အသင်းမှာသာ ဆက်ရှိသွားမယ်လို့ သိရပတယ်။ တိုက်စစ်မှူး အက်စ်ပိုစီတို က အင်တာမီလန်အသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၃၇ ပွဲကစားပြီး ခုနစ် ဂိုးသွင်းယူကာ ခြေစွမ်းပြထားပါတယ်။ (NVS 008)
06 Mar