“မြန်မာ ယူ-၁၇ အသင်းနှင့် အိန္ဒိယအသင်းတို့ ခြေစစ်ပွဲမှာ သရေရလဒ်ထွက်ပေါ်”
06 Mar
အာရှဖလားဝင်ခွင့်ရထားတဲ့ မြန်မာ-၁၇ အမျိုးသားအသင်းအနေနဲ့ အိန္ဒိယ-မြန်မာ ဒုတိယအကျော့ ခြေစစ်ပွဲစဉ်အတွင်း သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ မတ်လ ၅ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းအတွင်း ကျင်းပခဲ့တဲ့ အာရှဖလားခြေစစ်ပွဲ ဒုတိယပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အတွင်း နှစ်ဘက်အပြန်အလှန်တိုက် စစ်ဖွင့် ကစားနေရာမှ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ မြန်မာအသင်းအနေဖြင့် လက်ရှိ ခြေစမ်းပွဲပေါ်မူတည်ပြီး အာရှဖလားအတွက်ယှဉ်ပြိုင်ရန် ကစားသမားချင်း ချိတ်ဆက်မှုများလိုအပ်နေတယ်လို့ ပရိသတ်များက ပြောကြားခဲ့ပါတယ်။ အာရှဖလားမှတစ်ဆင့် ကမ္ဘာဖလား ဝင်ရောက်ခွင့်ကိုပါ ကြိုးစားနေတဲ့ မြန်မာ ယူ- ၁၇အသင်းအနေနဲ့ ဆော်ဒီအာရေဗျ၊ ထိုင်းအသင်းတို့ဖြင့် တွေ့ဆုံရမည်ဖြစ်ကာ အုပ်စုကြပ်အတွင်းရောက်ရှိနေတာ ဖြစ်ပါတယ်။ (NVS 008)
06 Mar