“ပရီးမီးယားလိဂ်မှာ (၁၁)ပွဲဆက်နိုင်ပွဲပျောက်နေတဲ့ စပါးအသင်း”

06 Mar

စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၁) ပွဲဆက်နိုင်ပွဲပျောက်ပြီး ၅ ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန်နဲ့ ပိုမိုနီးကပ်လာခဲ့ကြောင်း သိရပါတယ်။ စပါးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၂၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် စပါးအသင်းဟာ ၁၉၃၅ ခုနှစ်က အင်္ဂလန်ပထမတန်းပြိုင်ပွဲမှာ ၁၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး နောက်ပိုင်း လိဂ်ပြိုင်ပွဲတွေမှာ အရှည်ကြာဆုံးနိုင်ပွဲပျောက်ဆုံးမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါကြောင့် တန်းဆင်းဇုန်အဆင့်(၁၈)နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၁ မှတ်သာ ကွာဟတော့တဲ့ အခြေအနေ ရောက်ရှိခဲ့ပြီး ၁၉၇၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်လာရပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ နည်းပြသောမတ်စ်ဖရန့်ခ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ခရိုအေးရှားနည်းပြ တူဒေါ ကိုရာသီကုန်အထိ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ နည်းပြ တူဒေါ လက်ထက်မှာ ၃ ပွဲစလုံးရှုံးနိမ့်ပြီးအခြေအနေပိုဆိုးလာခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

06 Mar

ADVERTISE HERE .