“အမေရိကန်အထက်လွှတ်တော်ကြားနာပွဲတွင် အီရန်စစ်ပွဲ ဆန့်ကျင်ရေးနှင့်စပ်လျဉ်း၍ ရုန်းရင်းဆန်ခတ် ဖြစ်ပွား”
06 Mar
အမေရိကန်ပြည်ထောင်စုလွှတ်တော်အဆောက်အအုံ၌ မတ်လ ၄ ရက်တွင် ကျင်းပသည့် အထက်လွှတ်တော် ကြားနာပွဲတစ်ခုအတွင်း အီရန်စစ်ပွဲဆန့်ကျင်ရေးဆန္ဒပြသူတစ်ဦးနှင့် အထက်လွှတ်တော် အမတ်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် တို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်တွင် မြောက်ကာရိုလိုင်းနားပြည်နယ် အထက်လွှတ်တော်အမတ်လောင်းနှင့် အမေရိကန်မရိန်း တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဘရိုင်ယန် မက်ဂင်းနစ် သည် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့မှ အဖွဲ့ဝင်များလာရောက် ထွက်ဆိုသည့် အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာအတွင်း ကြွေးကြော်သံများအော်ဟစ်၍ ဆန္ဒပြခဲ့ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခြင်း ဆပ်ကော်မတီကြားနာပွဲ ကျင်းပနေစဉ် ဖြစ်သည်။ ယင်းနောက်တွင် လွှတ်တော်အဆောက်အအုံရှိ ရဲအရာရှိသုံးဦးနှင့် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ တင်ရှီးဟီးတို့က မက်ဂင်းနစ်ကို ကြားနာပွဲကျင်းပနေသည့် အခန်း၏ပြင်ပသို့ ခေါ်ထုတ်ရန် ကြိုးပမ်းစဉ် မက်ဂင်းနစ်က အစ္စရေးနိုင်ငံအတွက် မည်သည့်အမေရိကန်နိုင်ငံသားမျှ တိုက်ပွဲမဝင်လိုကြောင်း အော်ဟစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် မက်ဂင်းနစ်သည် ၎င်းအား အခန်းအတွင်းမှခေါ်ထုတ်ရန်ကြိုးပမ်းသည့် ရဲအရာရှိများကို အကြမ်းဖက်ခုခံတွန်းလှန်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။ ထို့ပြင် မက်ဂင်းနစ်သည် ရဲအရာရှိများကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုသုံးမှုအပြင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခုခံခြင်း၊ လူစုလူဝေးဖြစ်ပေါ်စေခြင်း၊ နှောင့်ယှက်ခြင်းနှင့် တရားမဝင်ဆန္ဒပြမှုနှင့်အဟန့်အတား ဖြစ်စေခြင်း စသည့်စွဲချက်သုံးမှု တို့နှင့်ရင်ဆိုင်နေရကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ RT သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။