“နိုင်ငံတော်ယာယီသမ္မတထံ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးက သံအမတ်ခန့်အပ်လွှာပေးအပ်”
06 Mar
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Mohammed M Al Howishan မှ မတ်လ ၅ ရက်နံနက်ပိုင်းမှာ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတနှင့် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးတို့က မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား ရှည်လျားခိုင်မာတဲ့ သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ခိုင်မာလျက်ရှိမှု၊ နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမို တိုးတက်အောင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ မကြာမီလွှတ်တော်ခေါ်ယူမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)