“ကျောင်းပြင်ပရောက်ကလေးများအတွက် PTTEP Myanmar က ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများ လှူဒါန်း”

06 Mar

ကျောင်းပြင်ပရောက်ကလေးများအတွက် PTTEP Myanmar မှ ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာ များကို ကျောင်းပြင်ပမူလတန်းပညာရေးသင်ကြားမည့် ကျောင်းသား၊ကျောင်းသူများအသုံးပြုနိုင်ရန် မတ်လ ၄ ရက်က ရန်ကုန်မြို့ရှိ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၌ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းနှင့် မတက်ရောက်နိုင်တဲ့ ကျောင်းနေ အရွယ်လွန်ကလေးများ၊ ကျောင်းပြင်ပရောက်ကလေးများနှင့် ဦးတည်အုပ်စုနှင့်ကိုက်ညီတဲ့ ကလေးများကို ဒုတိယအကြိမ်သင်ယူမှုအခွင့်အလမ်းဖန်တီးပေးတဲ့ တန်းညှိပညာရေးအစီအစဉ်ကို ပညာရေးဝန်ကြီးဌာနမှ ဖော်ဆောင်ပေးလျက်ရှိသည်။ (NVS 004)

06 Mar

ADVERTISE HERE .