“စက်သုံးဆီမရောင်းတဲ့ ဆီဆိုင်များကို ပိတ်သိမ်းသည်အထိ အရေးယူမည်”

06 Mar

စက်သုံးဆီမရောင်းပေးတဲ့ ဆီဆိုင်များကို ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနက သတိပေးထားပါတယ်။ ဒါ့အပြင် စက်သုံးဆီကို ပုံမှန်ရောင်းချပေးနေကြောင်းနှင့် မလိုအပ်ဘဲ ဝယ်ယူခြင်းများမပြုလုပ်ကြရန် စွမ်းအင်ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ စက်သုံးဆီရောင်းချပေးခြင်းမရှိတဲ့ဆိုင်များရှိပါက ၀၉-၇၉၇၄၂၁၀၉၅ နှင့် ၀၉-၅၂၄၀၃၆၃ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီ ရက် ၄၀ စာအတွက် ဓာတ်ဆီဂါလန်သန်း ၆၀နှင့် ဒီဇယ်ဆီဂါလန်သန်း ၇၀ နီးပါးရှိပြီးဖြစ်တဲ့အပြင် ဆိပ်ကမ်းမှာရောက်ရှိနေသည့် ဆီတင်သင်္ဘော၂ စီး နှင့် ထပ်ပြီးဝယ်ယူထားတဲ့ ဆီတင်သင်္ဘော ၁၄ စီးလည်း ရောက်ရှိရန်ရှိနေသေးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။ (NVS 004)

06 Mar

ADVERTISE HERE .