“မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့တဲ့ ဘောဘောကြီးစေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေ”

06 Mar

ပြည်မြို့၊ သရေခေတ္တရာ၊ ပျူမြို့ဟောင်း၌ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့တဲ့ဘောဘောကြီးစေတီတော် ပြန်လည်ပြုပြင်မွမ်းမံနေမှုကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ကြည့်ရှုစဉ်မှာ စေတီတော်ကြီးက တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြစ်၍ ဆွေးမြေ့အုတ်များ ဖယ်ရှားရာမှာ ရှေးဟောင်းပုံစံတူအုတ်ဖြင့် ပြန်လည်အစားထိုးရန်၊ အက်ကွဲကြောင်းများအတွင်း Lime Grouting လောင်းခြင်းအပြင်စေတီတော်လုံးပတ်တော်မှာ ပေါက်ရောက်လျက်ရှိတဲ့ ညောင်ပင်များကို ဓာတုဗေဒဆေးနဲ့ ပေါင်းသတ်ဖယ်ရှားရန် တာဝန်ရှိသူများကို ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဘောဘောကြီးစေတီတော်ကြီးကို ဒွတ္တပေါင်မင်းကြီးက အေဒီ ၆ ရာစုနှင့် ၇ ရာစုကြားမှာ တည်ထား ကိုးကွယ်ခဲ့တဲ့ စေတီတော်ဖြစ်ပြီး ဉာဏ်တော် ၄၆ ဒသမ ၆၃၄ မီတာ၊ လုံးပတ်တော်သည် ၆၄ ဒသမ ၈ မီတာ ရှိကာ စေတီတော်၏ ပုံသဏ္ဌာန်ပစ္စယံငါးဆင့်ခံ၍ ၎င်းပစ္စယံပေါ်မှာ ထုလုံးရှည်(ဆလင်ဒါ) ပုံအုတ်စေတီကိုတည်ထားခြင်း ဖြစ်ပါတယ်။ (NVS 004)

06 Mar

ADVERTISE HERE .