“ဝဇီရာ ကဇာတ်ရုံကြီး ပြုပြင်ပြီးစီးပါက နိုင်ငံတကာပြပွဲများ၊ တိုင်းရင်းသားရိုးရာပွဲများနှင့် ပန်းချီပြပွဲများကို အဆင့်မီပြသသွားနိုင်မည်”

05 Mar

နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံကြီးအား အဆင့်မြှင့်တင်ပြုပြင်ပြီးစီးပါက နိုင်ငံတကာပြပွဲများ၊ တိုင်းရင်းသားရိုးရာပွဲများနှင့် ပန်းချီပြပွဲများကို အဆင့်မီပြသသွားနိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က မတ်လ ၄ ရက်တွင် ဝဇီရာကဇာတ်ရုံ အဆင့်မြှင့်တင်မှုလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ကြောင်း သိရပါတယ်။ ဦးစွာစစ်ဆေးရာတွင် မြန်မာနိုင်ငံဗိသုကာကောင်စီနှင့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူတို့က အဆင့်မြှင့် တင်ဆောင်ရွက်နေမှုနှင့် ဝဇီရာကဇာတ်ရုံ၏ လုပ်ငန်းပိုင်းဆိုင်ရာတို့ကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြခဲ့ ကြပါတယ်။ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ပိုင်းဆိုင်ရာနှင့် ရေသွယ်တန်းမှု အဆင်ပြေကာ ကျန်သောအပိုင်းအားလုံး အမြန်ပြီးစီးရေးအတွက် ဆောင်ရွက်ကြရန်၊ ပြုပြင်ပြီးစီးပါက ကဇာတ်ရုံအား ရှေးဟောင်းလက်ရာမပျက် ပြုပြင်မှုနှင့် အတူ ရုပ်ပိုင်းဆိုင်ရာ ခေတ်မီလှပမှုနှင့် ကဇာတ်ရုံ၏ အနှစ်သာရတို့ကို ပုံရိပ်လှပစွာပြသသွားနိုင်မှာဖြစ်လို့ နိုင်ငံတကာ ပြပွဲများ၊ တိုင်းရင်းသားရိုးရာပွဲများနှင့် ပန်းချီပြပွဲများကိုပြသရာ၌ အဆင့်မီမီပြသနိုင်ရေးအတွက်လည်း တာဝန်ရှိသူ များမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS-004)

05 Mar

ADVERTISE HERE .