“မှော်ဘီနှင့် လှည်းကူးမြို့နယ်တို့ရှိ ဆိုလာစနစ်သုံးရေ တင်လုပ်ငန်းစီမံကိန်းများဖွင့်လှစ်”

05 Mar

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့၌ (၆၄) နှစ်မြောက် တောင်သူလယ်သမား နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆိုလာစနစ်သုံးရေတင်လုပ်ငန်းစီမံကိန်းများကိုဖွင့်လှစ်ခဲ့ပါတယ်။ မှော်ဘီမြို့နယ်၊ ကန်ကလေးကျေးရွာရှိ ဆိုလာစနစ်သုံးရေတင်လုပ်ငန်းသည် မူလက 250 Kw မော်တာနှင့် ၄၀ ကျူဆက်ပန့် ၆ စုံကို တွဲဖက်တပ်ဆင်ထားရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် 620 W ဆိုလာအချပ်ရေ ၂,၅၄၀ ချပ် ၂၀ ချပ် String ၁၂၇ ခု တပ်ဆင်၍ ရေမောင်းနှင်ရန်အတွက်အသုံးပြုမည့် 0.4/33 kV 150 kW Ongrid Inverter ၁၀ လုံးမှ 1500 Kw ကိုထုတ်လုပ်ပြီး 1500KVA Step-up Transformer တစ်လုံးဖြင့် မီးအားမြှင့်တင်ပြီး (250 Kw) မော်တာနှင့် ၄၀ ကျူဆက်ပန့် ၄ စုံတို့ကို မောင်းနှင်မည်ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်ရှိသည့် 250 Kw မော်တာနှင့် ၄၀ ကျူဆက်ပန့် ၂ စုံတို့ကို လျှပ်စစ်ဓာတ်အားနဲ့ လိုအပ်ပါက ဖြည့်စွက်မောင်းနှင်၍ နွေစပါးစိုက်ဧက ၃,၁၄၂ နှင့် ရန်ကုန်မြို့သို့ သောက်သုံးရေတစ်ရက်လျှင် ရေဂါလံသန်းပေါင်း ၆၀ ကို လျှပ်စစ်+ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ပြီး ထပ်မံလိုအပ်ပါကညပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်ပေးဝေနိုင်မှာဖြစ်ပါတယ်။ လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာရှိ လက်ပံဆိုလာရေတင်လုပ်ငန်းသည်လည်း 185 Kw Motor နှင့် 30 ကျူဆက်ပန့် ၃ စုံတပ်ဆင်ထားရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ Motor & Pump တစ်စုံကို Solar စနစ်နဲ့ စမ်းသပ် တပ်ဆင်နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ကျန်ရှိသော Motor & Pump ၂ စုံကို Solar စနစ်ထပ်မံတင်ဆင်ခြင်းဖြစ်ကာ Solar System အပြည့်အဝတပ်ဆင်ပြီးစီးပြီဖြစ်၍ Motor & Pump (၃) စုံဖြင့် နွေစပါး စိုက်ဧက ၁,၃၀၀ ကို ရေပေးဝေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ယခုဘဏ္ဍာနှစ်တွင် Solar စနစ်တိုးချဲ့တပ်ဆင်ပြီးစီး၍ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားခကုန်ကျငွေကျပ်သန်း ၂၀၀ သက်သာလာမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

05 Mar

ADVERTISE HERE .