“မတ်လအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သေတ္တာတင်သင်္ဘော ၆၀ နီးပါး ဝင်ရောက်မည်”

05 Mar

မတ်လအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ ကုန်သေတ္တာတင်ပင်လယ်ကူးသင်္ဘော စုစုပေါင်း အစင်းရေ ၆၀ နီးပါး ဝင်ရောက်လာရန် စီစဉ်ထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေ သိရပါတယ်။ ဝင်ရောက်မည့်သင်္ဘောများအနက် M/S COCCO SHIPPING LINE မှ သင်္ဘော ၁၃ စင်းဖြင့် အများဆုံး ပါဝင်မည်ဖြစ်ပြီး M/S MAERSK A/S နှင့် M/S SITC CONTAINER LINE တို့မှ ခုနစ်စင်းစီ ဝင်ရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် M/S ONE နှင့် M/S SAMUDERA SHIPPING တို့မှ ခြောက်စင်းစီ ပါဝင်မည်ဖြစ်ပြီး အခြားလိုင်းများမှလည်း သင်္ဘောအချို့ ဝင်ရောက်လာမှာဖြစ်ပါတယ်။ ဝင်ရောက်လာသော သင်္ဘောများမှ ဆောက်လုပ်ရေးသုံးကုန်ကြမ်းများနှင့် အထည်အလိပ်လုပ်ငန်းသုံး ကုန်ကြမ်းများကို အများအားဖြင့် တင်သွင်းလျက်ရှိပြီး ပြန်လည်တင်ပို့မှုအဖြစ် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် သစ်တောထွက်ကုန်များကို ပို့ဆောင်လေ့ရှိကြောင်း သိရပါတယ်။ (NVS 004)

05 Mar

ADVERTISE HERE .